ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

တောင်တန်းကြားက ငွေရောင်သံမဏိနဂါး(သို့မဟုတ်) ဂုတ်ထိပ်

 










ဂုတ်ထိပ်တောင်ကြားဖြတ် မီးရထားလမ်းကြီးသည်(Gokteik Viaduct) ၁၉၀၁ခုနှစ် ၎င်းတည်ဆောက်ပြီးစီးစအချိန်တွင် ကမ္ဘာ့အကြီးဆုံး အုတ်ခုံခံသံဘောင်ထောက်ကူအမျိုးအစား မီးရထားလမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အမြင့်ဆုံးတံတားဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏အလယ်ဗဟိုတွင်တည်ရှိပြီး အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၆၀မိုင်ခန့် (100ကီလိုမီတာ)တည်ရှိပြီး ထိုရထားလမ်းကိုဗြိတိသျှအင်ပါယာဒေသတွင်း၌ ၎င်းတို့၏သြဇာလွှမ်းမိုးမှုချဲ့ထွင်ရန် အတွက်ဆောက်လုပ်ထားခဲ့ကြခြင်းဖြစ်သည်။ တံတားကြီးအတွက်ဒီဇိုင်းရေးဆွဲခြင်းနှင့်လိုအပ်သည့်စီစဉ်မှုများအား Pennsylvaniaသံမဏိကုမ္ပဏီမှဆောင်ရွက်ခဲ့ပြီး လိုအပ်သောပစ္စည်းများအား တင်ပို့ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းအား Burma Railroad Company မှအင်ဂျင်နီယာ Sir Arthur Rendel ကကြီးကြပ်ဆောက်လုပ်ခဲ့သည်။ တံတားကြီး၏ပင်မအမြင့်မှာ  အမြင့်ဆုံးမျှော်စင်၏အောက်ပိုင်းဘက်မြေပြင်မှရထားလမ်းကုန်းပတ်အထိအတိုင်းအတာဖြစ်ပြီး အမြင့် ၃၃၅ ပေ (102 mtrs) ဖြစ်ပါသည်။
တံတားဆောက်လုပ်ရေး၏ကုန်ကျစရိတ်£ 111.200 ရှိခဲ့သည်။ ၎င်း၏နည်းပညာပိုင်းဆိုင်ရာများနှင့်သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ကမ္ဘာပေါ်တွင်စံလက်ရာအဖြစ်ထည့်သွင်းစဉ်းစားခဲ့ကြသည်။

လားရှိုးမှမန္တလေးမီးရထားလမ်းသည် မဟာဗျူဟာမြောက်လမ်းဖြစ်သောကြောင့် ဂုတ်ထိပ်ရထားလမ်းကြီး တစ်စုံတစ်ခုဖြစ်လျှင်ပင်         လမ်းကြောင်းအားပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ရန် အရံရှောင်ကွင်းလမ်းကို ချိုင့်ဝှမ်းခြေတွင်၁၉၇၆-၇၈ ခုနှစ်တွင်တည်ဆောက်ခဲ့ သည်။ ၎င်းလမ်းငယ်အား ယခုအချိန်ထိ တံတားကြီးပေါ်မှ မြင်နေနိုင်
သေးပါသည်။သက်တမ်း ၁၁၀ကျော် ယခုအချိန်ထိခေတ်အဆက်ဆက်ကိုကြံ့ခိုင်စွာဖြတ်သန်းလာခဲ့သော ဂုတ်ထိပ်တံတားကြီးမှာ မြန်မာနိုင်ငံ့သမိုင်းတစ်စိတ်တစ်ဒေသဖြစ်သည်။မြန်မာကိုကမ္ဘာကျော်စေခဲ့သော  သမိုင်းဝင်အရာများထဲမှတစ်ခုလည်းဖြစ်ပေသည်။ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့မှုများကြောင့် ယခုအချိန်အသုံးပြုနေနိုင်ဆဲဖြစ်ပါသည်။နိုင်ငံခြားခရီးသွားများနှင့်ပြည်တွင်လေ့လာရေးခရီးသွားများ 
လာရောက်လေ့လာနေဆဲဖြစ်ပါသည်။
လှပသောနောက်ခံတောင်ကြားရှုခင်း ၀င်းပသည့်နေရောင်ခြည် အောက်တွင် ၀င့်ထယ်စွာရပ်တည်နေသော သမိုင်းမှတ်တိုင်တစ်ခု သို့မဟုတ် ငွေရောင်သံမဏိနဂါးကြီး နောင်နှစ်ပေါင်းမြောက်များစွာတည်တံ့နေပါ
စေကြောင်း ဆန္ဒပြုလိုက်ပါသည်။

 

လက်လှမ်းမှီသမျှ အချက်လက်ငယ်များအား စုစည်းတင်ပြရခြင်းဖြစ်ပါသဖြင့် လွဲချော်မှုများရှိပါက ခွင့်လွှတ်နားလည်ပေးစေလိုပါသည်။
ပြင်ဆင်ဖြည့်စွက်ရန်များရှိပါက အကြံပြုပေးစေလိုပါသည်။
လေးစားစွားဖြင့်
ဆင်တဲရွှေမြေအမြူတေ

No comments:

Post a Comment