Tuesday, January 31, 2017
ဓားခြစ်ပန်းချီတွေကို ခြေထောက်နဲ့ဆွဲခဲ့သူတစ်ယောက်
မွေးရာပါ ဒုက္ခိတ ဘဝနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကြီးပြင်းခဲ့ရတဲ့ ဦးမောင်တင့်ဟာ လက်ရှိအချိန်မှာတော့ ခြေထောက်နဲ့ ဓါးခြစ်ပန်းချီတွေကို ကျွမ်းကျင်စွာရေးဆွဲနေပါပြီ။
သူဓားခြစ်ပန်းချီရေးခဲ့တာ ၁၃ နှစ်လောက်ရှိခဲ့တဲ့ အချိန်မှာ ဒါက သူ့ရဲ့ အသက်မွေး ဝမ်းကျောင်း ဖြစ်နေပါပြီ။ ငယ်စဉ်ကတည်းက ပန်းချီပညာကို ဝါသနာပါလို့ ဘုရားကျောင်းမှာ နေထိုင်စဉ် ပုံရေးဆွဲဆော့ကစားရာက ဖိလစ်ပိုင်နိုင်ငံကနေ အလည်လာရောက်တဲ့ ဧည့်သည်တစ်ဦးကတွေ့ရှိပြီး ဦးမောင်တင့်ကို ပန်းချီပညာ စနစ်တကျ သင်ယူစေခဲ့ပါတယ်။ သူက သူ့ပန်းချီတွေကို ဘောင်တွေကားတွေနဲ့ သေချာဆွဲပြီး ပြပွဲတစ်ခု လုပ်ဖို့လည်း စိတ်အားလည်း ထက်သန်နေပါတယ်။
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ
ဇန်နဝါရီ-၃၁၊၂၀၁၇
7DAY TV
Subscribe to:
Post Comments (Atom)
No comments:
Post a Comment