မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကျင်းပရန် နေရာအခက် အခဲရှိနေသောကြောင့် ပြည်သူ့ ရင်ပြင်တွင် ပြုလုပ်ခွင့်ရရန် ရန် ကုန်တိုင်းဝန်ကြီးချုပ်ထံ စာတင် ထားကြောင်း ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။‘‘အကယ်ဒမီကျင်းပဖို့ နေရာ အခက်အခဲရှိလို့ ရင်ပြင်နေရာမှာ ကျင်းပဖို့အတွက် လျှောက်လွှာ တင်တာပါ’’ဟု ဇန်နဝါရီ ၃၀ ရက် နံနက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ထံ သွားရောက်တွေ့ဆုံခဲ့သည့် အကြောင်း ၎င်းက ပြောသည်။
၂၀၁၆ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား ကို မတ်လ ၁၈ ရက်တွင် ကျင်းပ ရန် စီစဉ်ထားပြီး ပွဲကျင်းပရန် နေရာအခက်အခဲကြုံနေရခြင်း ဖြစ်သည်။‘‘အားကစားရုံကလည်း မရ ဘူး။ MEP ကလည်း နောက်တစ် နေရာကို ပြောင်းနေတယ်။ The One တော့ရှိတယ်။ အဲဒါကလည်း သုဝဏ္ဏထဲမှာ ဝေးတယ်’’ဟု ပွဲကျင်းပရန် နေရာရွေးချယ်ရ သည့်အခက်အခဲကို ဦးအေးကြူ လေးက ပြောသည်။၂၀၁၆ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုစာရင်းဝင်သည့် ရုပ် ရှင်ဇာတ်ကား ၃၃ ကားအထိရှိပြီး ဆုရွေးချယ်ရေး လုပ်ငန်းများ ပြီး ဆုံးပြီဖြစ်ကြောင်း ၎င်းက ပြော သည်။ထို့အပြင် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် ရွှေကြိုများကို ဖေ ဖော်ဝါရီလဆန်းတွင် ရွေးချယ် မည်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးရှစ်ဦးစီ ရွေးချယ်မည်ဖြစ် သည်။

No comments:
Post a Comment