ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Friday, February 10, 2017

ချစ်သူများနေ့ဆိုတာ __________________

 

ချစ်သူများနေ့ဆိုတာ
__________________


ရောမအင်ပါယာ ဧကရာဇ် ကလောင်းဒီယပ်စ်၏ အာဏာနှင့် တည်စေသော အမိန့်ကို ဖီဆန်ကာ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လူသားတို့၏ ချစ်ခြင်းတရားကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ရုံဖြင့် မရသည်ကို အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သက်သေတည် ထင်ရှားစေခဲ့ခြင်း ဖြစ်သည်။

ရိုမန်အင်ပါယာ၏ စစ်ရိပ်လွှမ်းခဲ့သည့် ကာလတစ်ခုတွင် ရိုမန်အင်ပါယာ ကြီးထွားစေရန် စစ်သားများသာမက လူငယ်များကိုပါ ဧကရာဇ်ကလောင်း ဒီယပ်စ်က စစ်ထဲ ဝင်စေချင်သော်လည်း လူငယ်များအဖို့မူ ချစ်သူ၊ မိသားစု၊ ဇနီးတို့နှင့်ခွဲ၍ အသက်စွန့်ကာ စစ်မတိုက်ချင်ခဲ့ပေ။
ရောမမြို့ပြတွင် နေထိုင်သူတို့သည် ဧကရာဇ် ကလောင်းဒီယပ်စ်၏ အမိန့်ကို မနာခံလိုသူများကို စစ်တမ်းယူခဲ့ရာ များပြားနေသဖြင့် ဧကရာဇ်သည် ရာဇမာန်ထွက်ခဲ့ပြီး စစ်တိုက်ထွက်မည့် သူများကို လက်မထပ်ရ အမိန့်ထုတ်ပြန်ခဲ့လေသည်။ ဧကရာဇ် ကလောင်းဒီယပ်စ်၏ အမိန့်သည် စစ်ထွက်တိုက်မည့် လူငယ်များအဖို့ ရက်စက်ပြီး လူမဆန်ရာကျသည်ဟု ထိုအခါက ဆိုခဲ့သည်။ ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ဧကရာဇ်ကလောင်း ဒီယပ်စ်၏အမိန့်ကို ဖီဆန်ကာ စစ်ထွက်မည့်သူနှင့် ဇနီးအဖြစ်ခံယူကာ ကျန်ရစ်ခဲ့မည့်သူတို့ကို တိတ်ဆိတ်သည့် အခန်းကျဉ်းထဲတွင် ဖယောင်းတိုင်တစ်တိုင် ထွန်း၍ မင်္ဂလာဦး ဆုမွန် တောင်းနေပေးသည့် အနေအထားသည် အမှောင်ခေတ်ကြီးထဲတွင် ရိုမက်တစ် ဆန်ခဲ့သည်။ ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းသည် ဆုမွန်တောင်းရင်း ဧည့်ဆိုး၏ စစ်ဖိနပ်သံကို နားစွင့်မိနေခဲ့သည်။ နောက်ဆုံးတော့ သူနားစွင့်ခဲ့သည့် စစ်ဖိနပ်သံ ကြားလိုက်ရသည်။
ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို မသတ်မီ အကျဉ်းချထားစဉ် အကျဉ်းထောင် ဝန်ထမ်းတစ်ဦး၏ သမီးဖြစ်သူနှင့် စကားပြောခွင့်ရချိန် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ဧကရာဇ်၏ အမိန့်ကို ဖီဆန်ပြီး လူငယ်များအတွက် သူ၏ရပ်တည်မှု မှန်ကန်ကြောင်း အပြင်က မိတ်ဆွေများ သိစေရန် စာတိုပေစဖြင့် အကြောင်းကြားခဲ့သည့် အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်ပင် ဧကရာဇ် အမျက်တော်ထိရှ၍ ကွပ်မျက်ခဲ့သည်။
ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်း၏ စာတိုအောက်ဆုံးတွင် 'from your Valentine' ဟု ရေးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့သည် ချစ်ခြင်းကို အာဏာဖြင့် တားဆီးမရခြင်းကို ရည်ညွှန်းကာ ယနေ့ မော်ဒန်ခေတ်၏ ချစ်သူများနေ့ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယနေ့ ခေတ်မှာတော့ valentine day ဆိုတာ အများစုအတွက်(အများအားဖြင့် မိန်းခလေး)များအတွက် အန္ဒရာယ် အလွန်များတဲ့နေ့လို့ဆိုခြင်ပါတယ်။ ယခုခေတ်မှာက ဆေးဝါးများနည်းပညာများကလည်း သိပ်သိပ်ကိုပေါလှပါတယ်။ အများစုကလည်း သိပြီးသားဖြစ်နေကြမှာပါ။
ချစ်လည်းချစ်ကြပါ ပျော်လည်းပျော်ကြပါ ဆင်လည်းဆင်ခြင်ကြပါ. . . .
ဒီရက်မတိုင်ခင် ၁၃ရက်နေ့မှာ ဒို့နိုင်ငံကျွန်ဘဝက လွတ်မြောက်အောင် အလင်းပြဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ မွေးနေ့ဆိုတာလည်း မမေ့ကြနဲ့နော်. . . .

No comments:

Post a Comment