ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Monday, January 30, 2017

အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ (ရုပ်သံ)


တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပြီး ဒီကနေ့ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်သမားဖြစ်သူကိုလည်း ဖမ်းဆီမိထားပြီး ဖြစ်ကြောင်း သိရပါတယ်။ တွေ့မိသမျှ မူဗွီဖိုင်လေးတွေမျှဝေပါတယ်။

No comments:

Post a Comment