ဘုန်းဘုန်းများသိအောင် ရှဲပါ
******************
Famous Traveller Express ယာဉ်လိုင်းမှ
ရဟန်းသံဃာတော်များအား ရာသက်ပန် အခမဲ့စီးနင်း ခွင့်ပြုမည်
----- ----- ----- -----
Famous Traveller Express ယာဉ်လိုင်းမှ ရဟန်းသံဃာတော်များအား ရာသက်ပန် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း အ ဆိုပါယာဉ်လိုင်းမှ အထွေထွေမန်နေဂျာ ဒေါ်စန္ဒာက News Watch သို့ ဇန်န၀ါရီ ၁၉ ရက်တွင်ပြောသည်။ရန်ကုန်-တောင်ကြီး၊ ရန် ကုန်-မြင်းခြံ၊ ရန်ကုန်-ပခုက္ကူ ၊ ရန်ကုန် - ပုဂံညောင်ဦး ခရီးစဉ်များကို ယာဉ်အစီးရေ ၆၄ စီး ဖြင့်နေစဉ်ပြေးဆွဲနေကြောင်း အဆိုပါ ခရီးစဉ်များတွင်ံဃာတော်များအား ရာသက်ပန် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
“ အခု ကျွန်မတို့ Famous Traveller က ပြေးဆွဲနေတဲ့ လိုင်းအားလုံးပေါ့။အခုလက်ရှိပြေးဆွဲနေတဲ့ တောင်ကြီး၊မြင်းခြံ၊ ပုဂံ ညောင်ဦး ခရီးစဉ်တွေမှာ သံဃာကတ်ပြား ပြပြီဆိုရင် အပါးရေ ဘယ်လောက်ပဲ ဖြစ်ဖြစ် အခမဲ့ စီးနင်းခွင့် ဒါနပြုပါတယ်။ အ ကယ်၍ တစ်စီးမှာ ၄၄ ဦးပါမယ်။တစ်ခေါက်တည်းမှာ ၄၄ဦးပါမယ်ဆိုရင်တောင်မှ သပ်သပ် တစ်ကြောင်း ပို့ပေးအုံးမှာ။ အ ကန့် အသတ်မထားဘူး။ကျွန်မတို့ ပြေးဆွဲနေတဲ့ လိုင်းအားလုံး သံဃာကတ်တာပြရင်၊အမှန်တကယ် သံဃဂုဏ်ဆောင် ရ ဟန်း သံ ဃာတော်တွေဆိုရင် အားလုံးကို အခမဲ့ပို့ဆောင်ပေးပါတ” ဟု ဒေါ်စန္ဒာကပြောသည်။
ရန်ကုန်မြို့တွင် Famous Traveller Express ဂိတ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ စတင်ကာဖွင့်လှစ်ခဲ့ပြီး ယင်းကာလကတည်းက သံဃာများကို ရာသန်ပန်အခမဲ့ စီးနင်းခွင့် ပြုခဲ့သည်မှာ (သီလရှင်များအပါအ၀င် )ဒီဇင်ဘာလကုန်အထိ အပါးရေ ၁၆၀၀ စာရင်းရှိ ကြောင်း ၄င်းကပြောသည်။
“ ကောင်းမှုသမှု နေ့စဉ်ပြုဆိုတဲ့ သဘောပါ။ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အ တွက် ကိုယ်က တတတ်တ အား နေ့စဉ်အလှူတစ်ခုကို ပြုလုပ်နေတဲ့ သဘောပါ။မြန်မာပြည်ရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို ထွန်း ကားအောင် သာသနာ့အ ကျိုးကို ကြိုးပမ်းအားထုတ်နေတဲ့ သံဃာတော်တွေကို ခရီးသွားတဲ့အခါမှ ဘာမှပူပင်ကြောင့်ကြစရာ မလိုဘဲ ကျွန်မတို့တတ်နိုင် သမျှလေးနဲ့ ခရီးသွားတာကို ထောက်ပံ့ပေးတဲ့ သဘောပါ”ဟု သံဃာတော်များအား ရာသက်ပန် အခမဲ့စီးနင်းခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်ကို ဒေါ်စန္ဒာကပြောသည်။
ထိုပြင် မန္တလေးမြို့တွင် Famous Traveller Express ယာဉ်လိုင်းဂိတ် ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါယာဉ်လိုင်းဂိတ်များ ဖွင့်လှစ် ထားသော မြို့နယ်များတွင် ယင်းကဲ့သို့ သံဃာတော်များအား ရာသက်ပန် အခမဲ့စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
“ဆရာတော်တွေကို ရာသက်ပန်စီးနင်းခွင့်ပြုဖို့တော့
ပြောထားတယ်။မန္တလေးမှာက ဂိတ်မဖွင့်သေးဘူး။ရန်ကုန်အခြေစိုက်တွေပဲ ဖွင့်ထားတာ။မန္တလေးဘက်က ထွက်တာ မဖွင့်ရသေးဘူး။ဘယ်ခရီးစဉ်ပဲဖြစ်ဖြစ် သံဃာတွေကို ရာသက်ပန်စီးနင်းခွင့်ပြုဖို့တော့ ပြောထားတယ်။ဘယ်နှပါးပဲ ဖြစ်ဖြစ် သံဃာများတယ်ဆိုရင် ကြိုပြီးတော့ ပြောထားရမှာပေါ့။ပြီးတော့ သံဃာ့မှတ်ပုံတင်ပါရ မယ်ပေါ့။ခုံရှိရင် ရှိသလောက်ကို ဆရာတော်တွေ အခမဲ့စီးနင်းခွင့်ပြုသွားမယ်။ခုံကလည်း ပြည့်နေတယ်။ ဆရာတော်တွေက လည်း ဂိတ်ကိုရောက်လာတာနောက်ကျတယ်ဆိုရင် နောက်နေ့အတွက် စီစဉ်လို့ အဆင်ပြေရင် ဆောင်ရွက်ပေးမယ်။ပြီးတော့ ဆရာတော်တွေများတယ်။ကားအစင်းလုံး အလိုက်လိုချင်တယ်ဆိုရင် ရက်ကြိုပြောပေးရမယ်ဆိုပြီး မှာထားပါတယ်” ဟု Famous Traveller Express ယာဉ်လိုင်းမှ မန္တလေးကျွံဆည်ကန်ဂိတ်တာဝန်ခံတစ်ဦးကပြောသည်။
လင်းလင်းအောင်
ပန်းရံဓမ္မစကူးလ်pageမှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment